Posts

Showing posts from August, 2020

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

Image
ကျွန်တော် မျက်လုံးပွင့်လာတော့ ငယ်က ကျွန်တော့်ကို ပြုံးပီးကြည့်နေတယ်။  နင် မူးပီးအိပ်သွားလို့ ငါထိုင်စောင့်ပေးနေတာတဲ့။ ပွနေတဲ့ ဆံပင်အုံထူထူကြားထဲကို သူ့လက်‌ချောင်းဖြူဖြူသွယ်သွယ်လေးနဲ့ ထိုးဖွရင်း ထထ ငါတို့ တစ်နေရာသွားမှရမယ်။ ဆိုင်က ခဏနေရင် တကယ်ပိတ်တော့မှာ။ နင်အိပ်ပျော်သွားလို့ ဆိုင်ကိုခဏ ဆိုပြီး ပြောထားရတာ။ ခဏလေး ငါ့ကို စောနကလို ပြန်ကြည့်ပါလား။ နင့်မျက်လုံးတွေက သိပ်လှတာပဲ။ ငယ်က မျက်စောင်းထိုးရင်း စောက်မူးရေ ထ ပါတော့ဟ။ ဆိုင်ကို အားနာစရာကြီး။  ကျွန်တော်လည်း အိမ်သာထဲသွားပီး လက်ထိုးအန်လိုက်တယ်။ ဆိုင်က ထွက်တော့ ဆယ့်နှစ်ခွဲလောက် ရှိနေပြီ။ ငယ် ငါ ထပ်သောက်ချင်သေးတယ်ဟာ။  ဒီအချိန် ဆိုင်တွေ ပိတ်ကုန်ပီပေါ့။ နင် ဘယ်မှာ ဝယ်မှာလဲ။ လာလာ ငါသိတဲ့ဆိုင်ရှိတယ်။ ဆိုင်ကယ်ကို ဆိုင်ရှိတဲ့ နေရာကို ဦးတည်လိုက်တယ်။  ဒီမြို့‌ လေးကို ကျွန်တော်ခဏခဏ ရောက်တယ်။ စိတ်ထဲ မွန်းကျပ်လာပြီဆိုရင် လွယ်အိတ်ထဲ အဝတ် နှစ်ထည် သုံးထည်လောက် ကောက်ထဲ့ပီး ထွက်လာ‌လေ့ရှိတယ်။ ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်လို *အပြာရောင် ကျောပိုးအိတ်ကို လွယ် ဒဏ်ရာ အဟောင်းလေးကို ထည့်* ဆိုတဲ့ စာသားလိုတော့ မဟုတ်ဘူး။ မြို့ပြရဲ့ မွန်းကျပ်မှုတွေကို အဝေးပြေးကားထွက်တာနဲ့