Posts

Showing posts from October, 2020

ရဝမ်ဒါမှ စာသင်ကျောင်း

Image
The Rwandan school turning boys into feminists By Anne BouleanuKigali ကို ပြန်ဆိုပါသည်။ ရဝမ်ဒါနိုင်ငံကစာသင်ကျောင်းတစ်ခုမှာ ကျောင်းသားတစ်စု ပျော်ရွှင်စွာစာသင်နေကြပါတယ်။ ကျောင်းစာသင်ချိန်ပြင်ပမှာ မိန်းကလေးတွေက ငွေကြေးစီမံခန့်ခွဲနည်းနဲ့မိသားစုဝင်ဦးရေ များပြားလာမှု ကို ထိန်းချုပ်ဖို့ မျိုးဆက်ပွားကျန်းမာရေးနည်းလမ်းတွေ သင်ကြားနေရချိန်မှာ ယောကျာ်းလေးတွေ ကတော့ မိန်းကလေးတွေနဲ့အမျိုးသမီးတွေကို ဘယ်လိုလေးစားစွာ ဆက်ဆံကြမလဲ ဆိုတဲ့ နည်းလမ်းတွေ နဲ့သူတို့ကို အနိုင်ကျင့်နှိပ်စက်နေတာတွေတွေ့ရင် တာဝန်ရှိသူတွေကို တိုင်ကြားဖို့ နည်းလမ်းတွေကို သင်ကြားနေကြရတာ ဖြစ်ပါတယ်။တရားဝင်သတ်မှတ်ထားတဲ့ စာသင်ချိန်တွေပြီးရင် အထက်ပါ သင်ခန်းစာတွေကို ကျောင်းသားကျောင်းသူတွေက အချိန်ပိုသင်ခန်းစာအနေနဲ့ “မိန်းကလေးတို့အတွက် ဘေးကင်းလုံခြုံရေးကျောင်း” ဆိုတဲ့နေရာတစ်ခုမှာ သင်ကြားကြရတာဖြစ်ပါတယ်။ ကျောင်းတက်ရက် တိုင်းရဲ့ နေ့လည်ပိုင်းအချိန်တွေမှာ ယောက်ျားလေးနဲ့မိန်းကလေးတွေဟာ အုပ်စုတွေခွဲပြီး မတူကွဲပြားတဲ့ နည်းလမ်းပေါင်းစုံကနေ ရဝမ်ဒါအမျိုးသမီးတွေရဲ့ ဘဝတိုးတက်လာစေမည့် နည်းလမ်းတွေကို လေ့လာ ကြရပါတယ်။ဒီနေရာလေးက ယောကျ်ားလေးတွေအတွက် အမျိုးသားတွေ သ