ရဝမ်ဒါမှ စာသင်ကျောင်း

The Rwandan school turning boys into feminists By Anne BouleanuKigali ကို ပြန်ဆိုပါသည်။ ရဝမ်ဒါနိုင်ငံကစာသင်ကျောင်းတစ်ခုမှာ ကျောင်းသားတစ်စု ပျော်ရွှင်စွာစာသင်နေကြပါတယ်။ ကျောင်းစာသင်ချိန်ပြင်ပမှာ မိန်းကလေးတွေက ငွေကြေးစီမံခန့်ခွဲနည်းနဲ့မိသားစုဝင်ဦးရေ များပြားလာမှု ကို ထိန်းချုပ်ဖို့ မျိုးဆက်ပွားကျန်းမာရေးနည်းလမ်းတွေ သင်ကြားနေရချိန်မှာ ယောကျာ်းလေးတွေ ကတော့ မိန်းကလေးတွေနဲ့အမျိုးသမီးတွေကို ဘယ်လိုလေးစားစွာ ဆက်ဆံကြမလဲ ဆိုတဲ့ နည်းလမ်းတွေ နဲ့သူတို့ကို အနိုင်ကျင့်နှိပ်စက်နေတာတွေတွေ့ရင် တာဝန်ရှိသူတွေကို တိုင်ကြားဖို့ နည်းလမ်းတွေကို သင်ကြားနေကြရတာ ဖြစ်ပါတယ်။တရားဝင်သတ်မှတ်ထားတဲ့ စာသင်ချိန်တွေပြီးရင် အထက်ပါ သင်ခန်းစာတွေကို ကျောင်းသားကျောင်းသူတွေက အချိန်ပိုသင်ခန်းစာအနေနဲ့ “မိန်းကလေးတို့အတွက် ဘေးကင်းလုံခြုံရေးကျောင်း” ဆိုတဲ့နေရာတစ်ခုမှာ သင်ကြားကြရတာဖြစ်ပါတယ်။ ကျောင်းတက်ရက် တိုင်းရဲ့ နေ့လည်ပိုင်းအချိန်တွေမှာ ယောက်ျားလေးနဲ့မိန်းကလေးတွေဟာ အုပ်စုတွေခွဲပြီး မတူကွဲပြားတဲ့ နည်းလမ်းပေါင်းစုံကနေ ရဝမ်ဒါအမျိုးသမီးတွေရဲ့ ဘဝတိုးတက်လာစေမည့် နည်းလမ်းတွေကို လေ့လာ ကြရပါတယ်။ဒီနေရာလေးက ယောကျ်ားလေးတွေအတွက် အမျိုးသားတွေ သူတို့အမျိုးသမီးတွေ အပေါ်မှာ ပြုလုပ်လေ့ရှိတဲ့ အကြမ်းဖက်မှုတွေနဲ့ထိခိုက်နာကျင်မှုတွေ မပြုလုပ်ဖို့ ထုတ်ဖော်ပြောဆိုတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ “အကြမ်းဖက်မှုတွေ မြင်ရတာနဲ့ တာဝန်ရှိသူတွေကို တိုင်ရပါမယ်”ဟု အသက် (၁၈) နှစ်ရှိပြီဖြစ်တဲ့ Rini Mutijima က ဘီဘီစီကိုပြောပါတယ်။”အကြမ်းဖက်ခံရတဲ့ မိန်းကလေးတွေကို ကူညီထောက်ပံ့ပြီး လူ့အဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်လာနိုင်အောင် ခွန်အားတွေ လည်းပေးရပါမယ်” လို့ သူက ထပ်ပြောပါတယ်။အခုဆိုရင် အနောက်နိုင်ငံတွေမှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေ အနေနဲ့ငြိမ်ခံမနေပဲ ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတွေလည်း ပြုလုပ် နေကြပါတယ်။စာသင်ကျောင်းတွေကနေတစ်ဆင့် အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာပါ၀ါ မညီမျှမှုအဆက်အစပ်ကြားက ကွာဟမှုတွေအတွက် အဖြေတစ်စုံတစ်ရာရလာမယ်လို့ ရဝမ်ဒါ ပြည်တွင်းကအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ ခရစ်ယာန်သုတေသန နှင့်ပညာရေးအဖွဲ့အစည်းက ယုံကြည်နေပါတယ်။မုဒိန်းမှုနှင့်လူမျိုးတုံး သတ်ဖြတ်မှုများဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါနိုင်ငံဟာ အမျိုးသမီးတွေအပေါ်မှာ ပြုလုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်သော ပြစ်မှုတွေနဲ့ ရင်ဆိုင် နေရဆဲပဲဖြစ်ပါတယ်။၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အစွန်းရောက်ဟုတုလူမျိုးတွေက တူဆီလူမျိုးတွေနဲ့ ကြားနေဟုတုလူမျိုး (၈)သိန်းကျော်ကိုသတ်ဖြတ်ခဲ့တဲ့ ရက်တစ်ရာအတွင်းသွေးချောင်းစီး သတ်ပွဲ မှာလည်း ရဝမ်ဒါအမျိုးသမီး(၅)သိန်းလောက် မုဒိန်းကျင့်ခံခဲ့ရပါတယ်။မည်သို့ပင် ဆိုစေကာမူ ယခုနှစ် တွေမှာ အာဖရိကအရှေ့ပိုင်းမှာ တည်ရှိတဲ့ ရဝမ်ဒါနိုင်ငံလေးအနေနဲ့ နိုင်ငံတွင်းမှာ အာဖရိကန်အမျိုးသမီး ဦးဆောင်မှုဝါဒ ပါရာဒိုင်း အပြောင်းအလဲအတွက် မျှော်လင့်ချက်များစွာ ရှိလာပါတယ်။ နိုင်ငံရဲ့ ပါလီမန်မှာ အမျိုးသမီး ကိုယ်စားပြုမှု(၆၀)ရာခိုင်နူန်းကျော် နေရာရလာပြီး ကမ္ဘာပေါ်မှာ အမျိုးသမီးကိုယ်စားပြုမှု အများဆုံး ပါလီမန် ဖြစ်လာပါတယ်။နိုင်ငံအဆင့်မှာ အမျိုးသမီးတွေ များစွာနေရာရလာသော်လည်း အောက်ခြေအဆင့်က အမျိုးသမီးတွေရဲ့ဘဝတွေကတော့ ခက်ခဲမှုတွေ ရှိနေဆဲပါပဲ။ ဘဝသက်တမ်း တစ်လျှောက် မိမိလက်တွဲဖော်မှ အနိုင်ကျင့်မှုကို ဗြိတိသျှ အမျိုးသမီးတွေအနေနဲ့ (၂၇) ရာခိုင်နှုန်း၊ အမေရိကန်အမျိုးသမီးတွေအနေနဲ့(၃၀)ရာခိုင်နှုန်း အသီးသီးခံစားနေရချိန်မှာ ရဝမ်ဒါ အမျိုးသမီးတွေ ကတော့ (၃၅)ရာခိုင်နှုန်းလောက်အထိ လက်တွဲဖော်မှအနိုင်ကျင့်မှုကို ခံစားရနိုင်တယ်လို့ ကုလသမဂ္ဂ မှ တွက်ချက်ပြထားပါတယ်။ တစ်နိုင်ငံလုံးက ကျောင်း (၁၇၄) ကျောင်းမှာ ပြုလုပ်နေတဲ့ “မိန်းကလေးတို့အတွက် ဘေးကင်းလုံခြုံရေးကျောင်း” ဆိုတဲ့အစီအစဉ်ကနေတစ်ဆင့် ပါလီမန်မှာ အမျိုးသမီးကိုယ်စားပြုမှုနှုန်းနဲ့ရဝမ်ဒါအမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝအခက်အခဲကြားထဲက ကွာဟမှု အချိတ်အဆက်တွေကို တိုင်းတာမှုပြုလုပ်ပြီး ပြင်ဆင်နိုင်ပါတယ်။ ညီမလေးကို ကာကွယ်နိုင်ပြီ ရဝမ်ဒါနိုင်ငံတောင်ဘက်ပိုင်း၊ဝူဝမ်ဂိုပြည်နယ်က ကျောင်းတစ်ကျောင်းမှာတော့ ကျောင်းသားတွေဟာ နေ့စဉ် နေ့လည်စာသင်ချိန်ပြီးတိုင်း မတူညီတဲ့ ခေါင်းစဉ်တွေကို ဖြေရှင်းရပါတယ်။ ယောကျာ်းလေး တွေဟာ ရာသီသွေးဆင်းချိန်နဲ့ အမျိုးသမီးတွေကို ငွေကြေးဆိုင်ရာ အမြတ်ထုတ်ခြင်းမှ ကာကွယ်ဖို့ နည်းလမ်းတွေကို လေ့လာရပါတယ်။ ထို့နောက် တစ်ပတ်ကို တစ်ခါ “လူမှုလိင်အခြေပြု အကြမ်းဖက်မှု တွေကို ဘယ်လိုရပ်တန့်ကြမလဲ” ဆိုပြီး စကားဝိုင်းဖွဲ့ ဆွေးနွေးကြပါသေးတယ်။ ၂၀၁၅ ခုနှစ်ကစပြီး “မိန်းကလေးတို့အတွက် ဘေးကင်းလုံခြုံရေးကျောင်း” ဆိုတဲ့အစီအစဉ်ကို တစ်နိုင်ငံလုံးက ဆယ်ကျော်သက် မိန်းကလေး (၄၇၀၀၀)၊ ယောကျာ်းလေး (၁၉၀၀၀) နဲ့ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီသင်ခန်းစာတွေဟာ ယောကျာ်းလေးတွေအနေနဲ့ ယဉ်ကျေးမှုဆိုင်ရာ စံချိန်စံညွှန်းတွေရဲ့ ဆန့်ကျင်ဘက် အရပ်ကနေ တစ်လှည့် ရပ်တည်ဖို့ ပြန်လည်သင်ကြားပေးတာဖြစ်ပါတယ်။ ပညာပေးသူအနေနဲ့ ရဝမ်ဒါရဲ့ အတိတ်သမိုင်းဆိုးတွေကို မတူးဆွပဲ လက်ရှိကာလမှာ ကြုံတွေ့နေရတဲ့ ယောကျာ်းလေးနဲ့ မိန်းကလေး ကြားက အခက်အခဲတွေကို ဦးတည်ဆွေးနွေးစေခဲ့တယ်။ “ကျွန်တော်တို့သမိုင်းကို လေ့လာရပါတယ်။ သမိုင်းကို လေ့လာခြင်းအားဖြင့် အတိတ်က အခြေအနေ တွေကိုသိရှိစေပြီး မျက်မှောက်ကာလမှာ အမျိုးသားတွေအနေနဲ့ သူတို့ မိန်းမတွေကို မရိုက်ဖြစ်အောင် ကျွန်တော်တို့ကူညီကာကွယ်လာနိုင်ခဲ့ပါတယ်” ဟု အသက် (၁၆) နှစ်အရွယ် Patience Manzi က ပြောပါတယ်။”ညီမလေးကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့နည်းလမ်းတွေကို အကောင်းဆုံးလေ့လာ ဖြစ်ခဲ့ပါတယ်။ ယောကျာ်းလေး တစ်ယောက်၊အစ်ကို တစ်ယောက်အနေနဲ့ ညီမလေးကို ကာကွယ်ပေးဖို့က တာဝန်တစ်ရပ်ပါပဲ”ဟု အသက် (၁၆) နှစ်အရွယ် Shoffy Manishimure က ပြောပါတယ်။ နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့်စုံတွဲတွေကို ပညာပေးခြင်းတွေကနေ တစ်ဆင့်လည်းအမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှု(၄၄)ရာခိုင်နှုန်း လောက်အထိ လျှော့ကျ လာတာတွေ့ရပါတယ်။ “မိန်းကလေးတို့အတွက် ဘေးကင်းလုံခြုံရေးကျောင်း” ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ယောကျာ်းလေး တွေကို သင်ပေးစရာမလိုလောက်အောင် မိန်းကလေးတွေအနေနဲ့ အကြမ်းဖက်ခံမှုကနေ လွတ်လပ်ပြီး ကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုလာနိုင်စေမည့် ပညာရေးမျိုးရရှိစေဖို့ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ငွေကြေးဆိုင်ရာ အလွဲသုံစားလုပ်မှုနဲ့အကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ဆိုင်ရာအကြမ်းဖက်မှု အစရှိတဲ့ များစွာသော မတူကွဲပြားတဲ့ အကြမ်းဖက်မှုပုံစံတွေကို သိရှိနားလည်စေပြီးမှ အကြမ်းဖက်မှုဆိုတဲ့ ပြသနာကြီးတစ်ခုလုံးကို နားလည်လာအောင် သင်ကြားပေးပါတယ်။နောက်ထပ် တွေ့ရှိချက်တစ်ခု အနေနဲ့ မိသားစုအတွင်းမှာ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် မိဘတွေကို သြဇာ ပိုလွှမ်းမိုး နိုင်ပါတယ်။ဒီအစီစဉ်ကနေတစ်ဆင့်ဘေးနားမှာ အသာငြိမ်ပြီး ရပ်ကြည့်နားထောင်နေတဲ့ ယောကျာ်းလေး တွေကို အမျိုးသမီးအခွင့်အရေးအတွက် တွန်းတွန်းတိုက်တိုက် ရဲရဲဝင့်ဝင့် တောင်းဆိုသူတွေ ဖြစ်လာစေ ပါသေးတယ်။မိသားစုအတွင်းမှာ ယောကျာ်းလေးတွေကို ဦးစားပေးမှုတွေကလည်း မိန်းကလေးတွေကို စာသင်ကျောင်းတွေဆီရောက်လာဖို့ အတားအဆီးတွေ ဖြစ်နေပါသေးတယ်” ဟု အသက် (၁၇) နှစ်အရွယ်  Robert Rwibutso ကပြောပါတယ်။ သားတွေနည်းတူ သမီးတွေကိုပါ ကျောင်းပို့ပေးဖို့ မိဘတွေကို ပြောဖို့က ကျွန်တော့်တာဝန်ဖြစ်ပါတယ်။ အစ်ကို ကျောင်းတက်ရင် ညီမလေးလည်း ကျောင်းတက်နေရပါမယ်။ ၃.၈.၂၀၂၂

Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်