Posts

Showing posts from November, 2020

တိမ်မျောလူ

Image
ကျနော်အခုနေတဲ့ အိမ်ရဲ့ အောက်မှာ ကုန်စည်ဒိုင်နှစ်ခုရှိတယ်။ တစ်ရက်သား နေ့လည်ခင်း သူတို့ ခြင်းခတ်နေတဲ့ အချိန် ဆင်းခတ်ရင်းနဲ့ သူတို့ အကြောင်း နည်းနည်း မေးမိတယ်။ သူတို့ နဲ့ပြောဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း ခွင့်ပြုချက်နဲ့ အသံသွင်းထားမိတယ်။ ဒီနေ့ ဘာရယ် မဟုတ်၊ အိမ်အောက်ထပ်ကုန်စည်ဒိုင်မှာ နယ်ကို ပို့ဖို့ ကုန်တွေ ပြန်ပုံလာတာနဲ့ သူတို့ပြောတဲ့ အကြောင်းအရာတွေကို ဖြတ်ညှပ်ကပ်ပြီး ဒီစာရေးလိုက်ပါတယ်။ နာမည်တွေကို လွှဲရေးထားပါတယ်။  ကျနော့်နာမည်က ကိုသိန်းအောင်ပါ။ အသက်က ၂၈ နှစ်ရှိပြီ။ ရခိုင်ပြည်နယ်၊ဂွမြို့နယ်ကပါ။ အသက် ၂၀ မှာ ရန်ကုန်တက်လာတယ်။ ထုံးစံအတိုင်း တစ်ခုခုလုပ်မယ် ဆိုတဲ့ စိတ်ပေါ့။ ခုဒီအလုပ်ဝင်မလုပ်ခင်က ကျနော် ဖားကန့် ရောက်သွားသေးတယ်။ ဖားကန့်မှာ နှစ်နှစ်လောက် ကြာတယ်။ ဘိန်းလား။ မစွဲခဲ့ပါဘူးဗျာ။ ကျနော် ကွမ်းတော့ စွဲသွားတယ်။ နှစ်နှစ်လောက် လုပ်တာ ငွေလည်းမစုမိဘူးဗျာ။ နေရတာလည်း တော်တော်စုတ်တီးစုတ်ပဲ့ နိုင်တယ်။ အတူနေတဲ့ ကောင်တွေကလည်း အာဝါဒါးတွေပဲ။ မနက်ဆို ငါးနာရီလောက်ထမယ်။ အလုပ်ရှိတဲ့ နေရာ သွားမယ်။ ညနေဆို အရက်သောက်မယ်။ မူးလာရင် သီချင်းတွေ ဖွင့်တယ်။ ဟဲဟဲ..မူးလာရင် သီချင်းဖွင့်တဲ့ အကျင့်လည်း စွဲလာသေးတယ်ဗျ။ ဒါ