Posts

Showing posts from September, 2020

ရွေးကောက်ပွဲနှင့် လူမှုစီးပွား အလုပ်အကိုင်

Image
 ဓာတ်ပုံ ကို Chair NLD Page က နေ ယူထားပါတယ်  နှစ်စဉ်နှစ်တိုင်း စိတ်ဝင်စားတဲ့ ကိန်းဂဏန်းထဲမှာ ဆယ်တန်းအောင်စာရင်းလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုရင် ဖြေတဲ့ လူဦးရေနဲ့ အောင်မြင်တဲ့ အချိုးကွာဟချက် များလွန်းလို့ပဲ။ တစ်နှစ်ကို ဖြေဆိုသူ တစ်သိန်း ကျော်တက်လာသလို တစ်ဖက်က လည်း ကျဆုံးသူ ၅သိန်းနဲ့ ၆သိန်း ကျော် နှစ်စဉ်ရှိနေတာဖြစ်ပါတယ်။ ကျဆုံးသူထဲကနေ ပြန်ဖြေသူ လူဦးရေ ဘယ်လောက်ရှိသလဲ ဆိုတဲ့ အချ က်အလက် မရှိပါဘူး။ တစ်ဖက်မှာလည်း အဆိုပါ အောင်မြင်သူ တွေ ထဲက ဘယ်နှစ်ယောက် တက္ကသိုလ် နေ့ ကျောင်းနဲ့ အဝေးသင် တက်ဖြစ်ပြီး ဘယ်နှစ်ယောက် ကျောင်းပြီးမြောက် အောင်မြင် သွားတယ် ဆိုတာ မျိုးကို တိကျ ခိုင်မာတဲ့ ဒေတာ အချက်အလက် ရရှိနိုင်ဖို့ ခက်ခဲပါတယ်။  ယခုနှစ်ရဲ့ အောင်စာရင်းကြည့်ရင်ကို အောင်မြင်သူနဲ့ကျရှုံးသူ အချိုး တော်တော်ကွာပါတယ်။  လက်ရှိ အနိုင်ရ ပါတီ အပါအဝင် တစ်ချိုု့ ပါတီ တွေ ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်း တွေမှာ အလုပ်အကိုင်နဲ့ သက်မွေးဝမ်းကြောင်း ပညာရေးဆိုင်ရာ ပြု လုပ်ဆောင်ရွက်မယ့် ကတိကဝတ်တွေ ပါပါတယ်။  ကျွန်တော် တို့ ဆီမှာ သက်မွေးပညာရပ် တွေ ကို သင်ကြားပေးတဲ့ Institution တွေကို လေ့လာကြည့် ဖြစ်တဲ့ အခါမှာ အစိုးရပိုင်၊ ပူးတွဲ အစို

ဟားခါး

Image
ဟိုး...အစွန်ဆုံးက ခေါင်မိုးနီနီနဲ့ အိမ်ကို နည်းနည်းကျော်လျှောက်ပြီး ညာဘက် ခါးဆစ်ချိုးကွေ့လိုက်ရင် စပျစ်စိုက်ခင်းရှိတယ်။  အဲ့ စိုက်ခင်းက စပျစ်သီးတွေ ခူးစားလို့ရတယ်။  အောင်အောင်မြင်မြင်သီးပွင့်ခဲ့တဲ့ စပျစ် သီးတွေကို တစေးနဲ့ ရောပီး ရိုးရာလက်လုပ်ဝိုင်လည်း ထုတ်တယ်။  တစ်လုံး ကို ငါးထောင် ပေးရတယ်။  နှစ်ခွက်လောက် သောက်ပီး မျက်လုံးခဏ မှတ်ပီး ပြန်ဖွင့်လိုက်ရင် မြင်မြင်သမျှ တောင်တန်း တွေ က ရခိုင်ရိုးမနဲ့ ချင်းတောင်တန်း နှစ်ခု ပူးယှက်သွယ်ပီး ဖွားထွက်လာတဲ့ ချင်းမြောက်ပိုင်း‌ဒေသ ရဲ့ တောင်တန်းမိဖုရားမတွေပဲ။  အဲ့ဒေသမှာ လှပပီး အရိုင်းဆန်တဲ့ သဘာဝယဉ်ကျေးမှုတွေရှိပေမယ့် လူတွေရဲ့ အဓိက ဝင်ငွေဟာ နိုင်ငံရပ်ခြားကနေစီးဆင်းတယ်။  လူငယ်တွေ မရှိသလောက်နီးနီး ရှားတယ်။  တစ်ချို့ ဆို ရိဒ်ရေကန်ကို ကျော်ပီး အိန္ဒိယအထိကျောင်းတက်တယ်။  ကလေးမြို့ကို ဆင်းပီး ကျောင်းတက်တယ်။  ရန်ကုန်ကို ဆင်းတယ်။  အနောက်နိုင်ငံတွေအထိ အောင်အောင်မြင်မြင် ခရီးဆန့်နိုင်ကြတယ်။  လူမျိုးစု(၃၅) မျိုး ရှိတယ်(အရေအတွက်မှားနိုင်တယ်)  လူမျိုးစုတွေ ထဲမှာ ရှိနေတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေရဲ့  ပါဝါ အလုပ်လုပ်ပုံတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဂေါ်ရခါးညွှတ်ကြော်နဲ

မီးခိုးတလူလူ မျှော်လင့်ချက်များ

Image
  မြစ်ကြီးနားညစျေး ဆိုတာ ကိုယ်ပိုင် ဘထ္ထရီအလင်းရောင်ကိုမှီခိုပြီး တက်ကြွစွာ လှုပ်ရှားစည်ကားနေတဲ့ နေရာဖြစ်ပါတယ်။ အဝတ်အထည်ဆိုင်များ၊နာရီဆိုင်၊ ဖိနပ်ဆိုင် အစရှိတဲ့ လူသုံးကုန်ပစ္စည်းဆိုင်များသာမက ရာသီပေါ်သစ်သီးဆိုင်များ၊ အကင်ဆိုင်များ၊ နာမည်ကျော် ကြက်ဥကဇော်ဆိုင် ၊လက်ဖက်ရည်ဆိုင်၊ ရေခဲမုန့်ဆိုင်၊ထမင်းကြော်ဆိုင် အစရှိတဲ့ စားသောက်ကုန်ဆိုင်များကိုပါ လမ်းဘေးဝဲရာမှာတွေ့နိုင်ပါတယ်။ အရင်ကဆိုရင် ည ၁၁ နာရီ ၁၂ နာရီလောက်အထိ ညစျေးက စည်တယ်။အခုတော့ ည ကိုးနာရီလောက်အထိပဲ စည်တော့တယ် လို့ သစ်သီးရောင်းချသူ ဒေါ်အေးအေးစိုးမှပြောတာကို ကျွန်တော် နားထောင်ခဲ့တာ ၂၀၁၇ ခုနှစ်ရဲ့မိုးအကုန် ဆောင်းဝင်ကာစလ တစ်လရဲ့ ညဘက်မှာပါ။ ဆီးနှင်းငွေ့တွေနဲ့ အတူ မြစ်ကြီးနားနဲ့ သိပ်မဝေးလှတဲ့ မြို့နယ်တွေမှာ ယမ်းငွေ့ တလူလူနဲ့ ပေါ့။ စီမံချက် တစ်ခုအတွက် အလုပ်သွားလုပ်ရင်း ရန်ကုန်သားတို့ ထုံးစံအတိုင်း ညဘက်ထမင်းကြော်ထွက်စားဖြစ်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ည(၉) နာရီ ကျော်ရင် အပြင် မထွက် ဖို့ ကြို ပြောထားပေမယ့် လည်း အစာအိမ်က ဆန္ဒပြတော့ ထွက်စားဖြစ်တာပါပဲ။  ၂၀၁၄ ခုနှစ်ကစပြီး မြစ်ကြီးနားမြို့ မှာ မိုးမလင်းစျေး ဆိုပြီး ည(၁) နာရီက နေ ည (၅) နာရီလော