ရွေးကောက်ပွဲနှင့် လူမှုစီးပွား အလုပ်အကိုင်

 ဓာတ်ပုံ ကို Chair NLD Page က နေ ယူထားပါတယ် 

နှစ်စဉ်နှစ်တိုင်း စိတ်ဝင်စားတဲ့ ကိန်းဂဏန်းထဲမှာ ဆယ်တန်းအောင်စာရင်းလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုရင် ဖြေတဲ့ လူဦးရေနဲ့ အောင်မြင်တဲ့ အချိုးကွာဟချက် များလွန်းလို့ပဲ။ တစ်နှစ်ကို ဖြေဆိုသူ တစ်သိန်း ကျော်တက်လာသလို တစ်ဖက်က လည်း ကျဆုံးသူ ၅သိန်းနဲ့ ၆သိန်း ကျော် နှစ်စဉ်ရှိနေတာဖြစ်ပါတယ်။ ကျဆုံးသူထဲကနေ ပြန်ဖြေသူ လူဦးရေ ဘယ်လောက်ရှိသလဲ ဆိုတဲ့ အချ


က်အလက် မရှိပါဘူး။ တစ်ဖက်မှာလည်း အဆိုပါ အောင်မြင်သူ တွေ ထဲက ဘယ်နှစ်ယောက် တက္ကသိုလ် နေ့ ကျောင်းနဲ့ အဝေးသင် တက်ဖြစ်ပြီး ဘယ်နှစ်ယောက် ကျောင်းပြီးမြောက် အောင်မြင် သွားတယ် ဆိုတာ မျိုးကို တိကျ ခိုင်မာတဲ့ ဒေတာ အချက်အလက် ရရှိနိုင်ဖို့ ခက်ခဲပါတယ်။ 

ယခုနှစ်ရဲ့ အောင်စာရင်းကြည့်ရင်ကို အောင်မြင်သူနဲ့ကျရှုံးသူ အချိုး တော်တော်ကွာပါတယ်။ 


လက်ရှိ အနိုင်ရ ပါတီ အပါအဝင် တစ်ချိုု့ ပါတီ တွေ ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်း တွေမှာ အလုပ်အကိုင်နဲ့ သက်မွေးဝမ်းကြောင်း ပညာရေးဆိုင်ရာ ပြု လုပ်ဆောင်ရွက်မယ့် ကတိကဝတ်တွေ ပါပါတယ်။ 

ကျွန်တော် တို့ ဆီမှာ သက်မွေးပညာရပ် တွေ ကို သင်ကြားပေးတဲ့ Institution တွေကို လေ့လာကြည့် ဖြစ်တဲ့ အခါမှာ အစိုးရပိုင်၊ ပူးတွဲ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်၊ ပုဂ္ဂလိကနဲ့ အစိုးရမဟုတ်သော ဖက်စပ် အဖွဲ့ အစည်းပိုင်၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းပိုင် ဆိုပြီး (၄) ပိုင်းတွေ့ ရပါတယ်။ အစိုးရပိုင် ဆိုတာ GTI လို ကျောင်းမျိုး တွေပါ။ ပူးတွဲ အစိုးရပိုင် ဆိုတာ SMVTI လို ကျောင်းမျိုးပါ။ ပုဂ္ဂလိက ဆိုတာ နိုင်ငံသား တွေ ပိုင်တဲ့ သင်တန်းကျောင်းတွေပါ(ဥပမာ ချင်းတွင်းလို သင်တန်းကျောင်းမျိုးပါ)၊  ပုဂ္ဂလိကနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေပိုင် ဆိုတာ CVT လို ကျောင်းမျိုးပါ။ အစိုးရ မဟုတ်သော အဖွဲ့ အစည်း ဆိုတာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့Need Myanmar လိုမျိုး အဖွဲ့အစည်းတွေက ပြုလုပ်တဲ့ သင်တန်းကျောင်းတွေပါ။  အဆိုပါ သင်တန်းကျောင်းတွေမှာ သင်ကြားပေးတဲ့ ဘာသာရပ် တွေကို ခွဲထုတ်လိုက်ရင်  စီးပွားရေးစီမံခန့်ခွဲမှု၊လျှပ်စစ်လုပ်ငန်း၊ သတ္ထု ဂဟေဆော်လုပ်ငန်း၊ မော်တော်ကားနဲ့ ဆိုင်ကယ်ပြင်လုပ်ငန်း၊ပရိဘောဂလုပ်ငန်း၊ဟိ်ုတယ်ခရီးသွားဝန်ဆောင်မှုနှင့်ချက်ပြုတ်ကျွေးမွေးမှု လုပ်ငန်း၊IT လုပ်ငန်းနဲ့ စိုက်ပျိုးသက်မွေးလုပ်ငန်း ဆိုပြီး အကြမ်းဖျဉ်း (၉) မျိုးလောက် တွေ့ ရပါတယ်။ 

သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေ ရဲ့ စျေးကွက် လိုအပ်ချက် အရ သင်ယူလေ့လာဖို့ လိုအပ်တဲ့ မားကတ်တင်း၊စာရင်းကိုင်၊ဂရပ်ဖစ်ဒီဇိုင်နာနဲ့ ကုန်စည်ပို့ဆောင်ဖြန့်ဖြူးရေး အစရှိတဲ့ ပညာရပ် တွေ သင်ယူနိုင်သလို နိုင်ငံတကာကနေ လာရောက် ဖွင့်လှစ် သင်ကြားတဲ့ LCCI, ACCA, ABE, ICM လို အဖွဲ့အစည်း တွေ နဲ့ အတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ စပ်တူလုပ်ကိုင်ကြတဲ့ ပုဂ္ဂလိကတက္ကသိုလ်နဲ့ သင်တန်းကျောင်းတွေ လည်း ရှိနေကြပါတယ်။ 

လက်ရှိ ကျွန်တော်တို့ နိုင်ငံကနေ နှစ်စဉ် နှစ်တိုင်း ပြည်ပ ပြောင်းရွှေ့ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တွေက ပျှမ်းမျှ (၃-၅) သန်း ကြား ရှိနေပါတယ်။ 

အာဆီယံ၊ဂျပန်၊ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံ တွေ ရဲ့ လုပ်သားလိုအပ်မှု ကို ထောက်ပံ့ ပေးနေတဲ့ လုပ်သားစျေးကွက် နိုင်ငံ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ ရဲ့ ဒေတာ အရ လည်း ၂၀၀၀-၁၈ ခုနှစ် အတွင်း မူလတန်းကနေ အထက်တန်းမပီးပဲ ကျောင်းထွက် သွားတဲ့ ကလေး ငယ်ပေါင်း (၈) သိန်း ခန့် ရှိနေပါတယ်။ 

လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော့် ရဲ့ မေးခွန်း က အဆိုပါ (၈) သိန်း+ နှစ်စဉ် ဆယ်တန်း မအောင် တဲ့ ကျောင်းသား ပျှမ်းမျှ (၆) သိန်း ကျော် ရဲ့ လူမှုစီးပွား အလုပ်အကိုင် အဆင်ပြေ ရေး အတွက် (၂၀၂၀) ရွေးကောက်ပွဲမှာ မဲနိုင်ပြီး တက်လာမယ့် အစိုးရ အနေနဲ့ ဘယ်လို စီမံ ဆောင်ရွက် မှု တွေ လုပ်မလဲ ဆိုတာပါပဲ။ 

စောဝဏ္ဏ 



Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်