Posts

Showing posts from December, 2020

Untitled

 မနေ့ညက အမေနဲ့ ညဘက် လမ်းထွက်လျှောက် ဖြစ်တယ်။ အိမ်အနီးအနား က လမ်းမီးတိုင်ဝါ၀ါ တွေရှိတဲ့ လမ်းတွေပါပဲ။ မမျှော်လင့်ပဲ ကျနော့်အသိ ပွဲရုံပိုင်ရှင်တစ်ယောက် ချွေးသံတစ်ရွှဲရွှဲနဲ့ ပြေးလာပြီး နှုတ်ဆက်တယ်။ ရုတ်တရက်ဆိုတော့ အမေ တော်တော်လန့်သွားပုံပါပဲ။ ကျနော့် အတွက်ကတော့ အဲ့လူ ပြေးနေကြဆိုတာ သိတော့ သိပ်မထူးဆန်းတော့ဘူး။ နေကောင်းလား အစရှိတဲ့ အစချီစကားတွေ နည်းနည်းပြောကြရင်းနဲ့ ဒီရက်ပိုင်းတွေ ညဘက် အလုပ်ပြီးမှ ထွက်ပြေးဖြစ်တယ်လို့ ပြောတယ်။ ကျနော်စိတ်ထဲ ရုတ်တရက် စင်ကာပူက ညတစ်ညကို ပြန်ရောက်သွားတယ်။ Conference တက်ဖို့ ရောက်လာတဲ့ နိုင်ငံပေါင်းစုံက ကျောင်းသားလူငယ်တွေကို လက်ခံစီစဉ်ပေးတဲ့ အဖွဲ့က Temasek Polytechnic မှာ ထားတယ်။ တစ်ရက် ည(၁၁) နာရီလောက် ကျနော်အပါအဝင် စင်ကာပူ၊ဖိလစ်ပိုင်နဲ့ အင်ဒိုက ကောင်တွေက ဆေးလိပ်သောက်ချင်လာလို့ ဆိုပြီး Temasek ရဲ့တစ်လမ်းကျော်က 7/11 ကို ဆေးလိပ်ထွက်ဝယ်ချိန်မှာ စင်ကာပူနိုင်ငံသား နှစ်ယောက်က လမ်းမီးတိုင်တွေအောက်မှာ ချွေးသံတစ်ရွှဲရွှဲနဲ့ ပြေးနေကြတာတွေ့တော့ ကျနော် အတော်အံ့သြသွားတယ်။ အတူပါလာတဲ့ စင်ကာပူက သူငယ်ချင်းကို ဘာလို့ သူတို့က ဒီအချိန်မှ ပြေးကြတာလဲ ဆိုပြီး မေးကြည့်တော့ မနက်အဆိုင်းပြီး

နှစ်သုံးဆယ်ကို လှမ်းကြည့်ခြင်း

Image
ကိုဗစ်ကြောင့် သေဆုံးကြတဲ့ လူတွေ ထဲက (၆၀) ရာခိုင်နှုန်းဟာ ဆီးချိုရောဂါအခံရှိတယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်မိတော့ ကျနော် အတော်တုန်လှုပ်မိပါတယ်။ တစ်ဆက်တည်းမှာလည်း ကျနော်တို့ နေ့စဉ်စာသောက်နေထိုင်မှု ပုံစံတွေကိုလည်း ပြန်တွေးတောဆင်ခြင်မိပါတယ်။  ဒီနေ့ ဒီဇင်ဘာ (၁၂) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးလွှမ်းခြုံမှုစနစ်နေ့(International Universal Health Coverage Day) ဖြစ်ပါတယ်။  ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့က ထုတ်ဝေတဲ့ စစ်တမ်းတစ်ခုမှာ မြန်မာနိုင်ငံက အရှင်မွေးဖွားတဲ့ ကလေး အယောက်တစ်ထောင်တိုင်းမှာ (၄၄.၇) ရာခိုင်နှုန်းဟာ အသက်(၅)နှစ် မပြည့်ခင်သေဆုံးနေကြတာဖြစ်ပါတယ်။ အဆိုပါ ကိန်းဂဏန်းဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် (၃၀.၈) ရာခိုင်နှုန်း၊ကမ္ဘောဒီးယား (၂၆.၆) ရာခိုင်နှုန်းနဲ့ ထိုင်း (၉) ရာခိုင်နှုန်းအစရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာကွာဟမှု ရှိနေပြီး ဒေသတွင်းနိုင်ငံတွေမှာလည်း အမြင့်မားဆုံးသေနှုန်းဖြစ်နေတာ တွေ့ရပါတယ်။ WHO က ပြုလုပ် ထားတဲ့ စစ်တမ်းတစ်ခုမှာ ကျနော်တို့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးအတွက် လက်ငင်းအသုံးပြုရတဲ့ ငွေကြေး(Out of Pock

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

Image
ဒီကာလအတွင်းမှာ သူငယ်ချင်းနှစ်ယောက်လေ့လာနေတဲ့ ကိုဗစ် ကာလအတွင်း အသေးစားအလတ်စားလုပ်ငန်းများရဲ့ စီးပွားရေး အခြေအနေလေ့လာမှုမှာ ရန်ကုန် တိုင်း အတွက် အင်တာဗျုး ဝင်လုပ်ပေးခွင့် ရခဲ့ပါတယ်။ ဆယ့်ငါးယောက်နဲ့ တွေ့ဆုံမေးမြန်းဖို့ ရည်ရွယ်ထားခဲ့သော်လည်း အချိန်အခက်အခဲကြောင့် (၁၁) ယောက်နဲ့ပဲ လူချင်းတွေ့၊Zoom မှ တစ်ဆင့် အင်တာဗျုးတာကို ပဲ ပြုလုပ်ခဲ့ရပါတယ်။ အောက်ပါ အချက်အလက်များသည် အဆိုပါ လုပ်ငန်းရှင် (၁၁) ယောက် အင်တာဗျုး လုပ်ပြီးနောက် လေ့လာဖြစ်တဲ့ အရာတွေကို ချရေးကြည့်တာ ဖြစ်ပါတယ်။ ပြည့်စုံလုံလောက်တဲ့ လေ့လာမှုနဲ့ အရေးအသားမဟုတ်ပေမယ့် တစ်စုံတစ်ရာ လေ့လာလို့ ရမယ်လို့ ထင်ပါတယ်။  ရန်ကုန်တိုင်းအတွင်း အသေးစားအလတ်စားလုပ်ငန်းများအနက်မှ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သူ (၁၁) ယောက်အနက် (၇) ယောက်မှာ ကျားဖြစ်ပြီး(၄) ယောက်မှာ မ ဖြစ်ပါတယ်။ ၎င်းတို့၏ ပျှမ်းမျှ အသက်မှာ (၃၀) ဖြစ်ပါတယ်။ လုပ်ငန်းအမျိုးအစား များအနေဖြင့် မီဒီယာ၊ဒစ်ဂျစ်တယ်မားကတ်တင်း၊အထည်ချုပ်၊လျှပ်စစ်၊ပန်းနှင့်ဘောလုံးအလှဆင်၊တံဆိပ်ရိုက်၊လက်ဆောင်၊ကလေးအရုပ်၊ကလေးစာပေ၊စားသောက်ဆိုင်နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများကို ဦးဆောင်နေသူများ၏ ပျှမ်းမျှ