နွေဦးတော်လှန်ရေးရဲ့ ခွန်အားဖြည့်အစားအစာတွေ

ဖေဖော်ဝါရီလဟာ မြန်မာနိုင်ငံရဲ့ နွေဦးအစပြုတဲ့ ကာလဖြစ်ပါတယ်။ နေမျိုးရဲ့ နွေဦးပေါက်ရင်ကဗျာ၊ကိုအောင်ရဲ့ နွေဦးပုံပြင် သီချင်း တွေနဲ့ နွေဦးကို နွေးနွေးထွေးထွေးကြိုဆိုကြတဲ့ အချိန်ကာလဖြစ်ပါတယ်။ ယခုနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးဟာ နွေဦးကို တော်လှန်ရေးနဲ့ ကြိုဆိုရပါတယ်။ ဖေဖော်ဝါရီ(၁) ရက်နေ့ကစပြီး ပြည်သူ့အာဏာကို လက်နက်ကိုင်အကြမ်းဖက် စစ်တပ်က သိမ်းယူသွားခဲ့လို့ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ မဖြစ်မနေထည့်သွင်းဖော်ပြသင့်တဲ့ အဖြစ်အပျက်၊အကြောင်းအရာ များစွာ ရှိပါတယ်။ နွေဦးတော်လှန်ရေးပါဝင်ဆင်နွှဲကြသူတွေ အင်အားပြည့်စေဖို့ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံက ကွဲပြားစုံလင်တဲ့စေတနာ့ဝန်ထမ်းတွေရဲ့ ကိုယ်တိုင်ချက်အစားအစာတွေကလည်း နွေဦးတော်လှန်ရေးရဲ့အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ကိုယ်တိုင်စားသောက်ခဲ့ရတဲ့ အစားအစာတွေနဲ့ မြင်တွေ့ခဲ့ရတဲ့ အစားအစာများကို ဖော်ပြပေးပါရစေ။
(၁) ဘဲဥနဲ့အာလူးဟင်း
(၂) ဘဲဥ၊အာလူး၊ပဲဟင်း
(၃) လက်ဖက်ထမင်းနဲ့ကြက်ဥမွှေကြော်
(၄) ကြက်သားကြာဆံကြော်
(၅) ကြက်ဥ၊ကြာဆံကြော်
(၆) ကြက်ဥပြုတ်
(၇) ခေါက်ဆွဲကြော်
(၈) ချစ်တီးပဲဟင်း
(၉) မာလာရှမ်းကော
(၁၀) မြိတ်ကတ်ကြေးကိုက်ကြော်
(၁၁) ကင်ချီထမင်းသုတ်
(၁၂) ကြက်သားဟင်း
(၁၃) ငါးဟင်း
(၁၄) ကြက်ဥချောင်းကြော်
(၁၅) ငါးပိထောင်း
(၁၆) ငံပြာရည်ကြော်
(၁၇) ကင်ပွန်းချဉ်ရွက်ကြော်
(၁၈) ငါးပိရည်နဲ့တို့စရာ
(၁၉) ကော်ဖီအေး၊ပူ
(၂၀) လက်ဖက်ရည်အေး
(၂၁) အချိုရည်
(၂၂) ဓာတ်ဆားဘူး
(၂၃) လိမ္မော်သီး
(၂၄) ဖရဲသီး
(၂၅) စပျစ်သီး
(၂၆) ဌက်ပျောသီး
(၂၇) ပဲမုန့်
(၂၈) ကိတ်မုန့်
(၂၉) Milk Tea

(၃၀) ရေသန့်  



လက်တွေ့မြေပြင်မှာ အမျိုးအစားစုံလင်လှတဲ့ အစားအသောက်အမျိုးမျိုးကို စေတနာ့ဝန်ထမ်းတွေက ကျွေးမွေးနေနိုင်ပါတယ်။ အစားအစာတစ်ခုချင်းဆီတိုင်းဟာ နွေဦးတော်လှန်ရေးအတွက် ခွန်အားတွေ ဖြစ်လာပါစေ။ ကျွေးမွေးကြတဲ့ စေတနာ့ဝန်ထမ်းတွေလည်း ပျော်ရွှင်ကျန်းမာပြီး မြန်မာ့နွေဦးတော်လှန်ရေးလည်း အောင်မြင်မှုပန်းတိုင်ဆီကို အမြန်ဆုံးရောက်ရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
နွေဦးတော်လှန်ရေး အောင်မြင်ပါစေ။

စောဝဏ္ဏ
၃.၃.၂၀၂၁

Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်