December Melancholia

ဟိုတစ်နေ့က အလုပ်မသွားခင် မနက်ပိုင်း ကားစောင့်နေရင်း စောစောစီးစီး ရောက်လာတဲ့ 7 Days သတင်းစာကို ဖတ်လိုက်ချိန်မှာ ကျုးဘားနိုင်ငံမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့် ပေးတော့မယ် ဆိုတဲ့ ဘာသာပြန်သတင်းဖတ်လိုက်ရတယ်။ ဆက်စပ်သတင်းအနေနဲ့ အယ်ဂျားဇီးယားမှာ ဘိုင်ဒန်အစိုးရက ကျုးဘားကို ခရီးသွားခွင့်၊ရင်းနှီးမြှပ်နှံမှုနဲ့ ဆန်ရှင် တွေကို ဖြေလျှော့ ပေးတာတွေ လုပ်ဖို့ မူဝါဒတစ်ခု ပြင်ဆင်နေတယ်လို့လည်း ဖတ်လိုက်ရတယ်။ အလုပ်ကို အစောကြီး ရောက်နေတော့ ကျုးဘားနဲ့ ပတ်သတ်တဲ့ Documentary တစ်ချို့ လိုက်ကြည့်မိတယ်။ ကျုးဘားမှာ ကျနော်တို့ နိုင်ငံရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကို ပြန်တွေ့လိုက်ရတယ်။ ပါပလေကာ၊ကားဒီးလက်၊လိပ်ခုံး၊ဂျစ် အစရှိတဲ့ ကားတွေ၊လမ်းဘေးမှာ ဒိုးဆက်ဆက်နေတဲ့ လူတွေ၊ လူရှင်းနေတဲ့ လမ်းတွေနဲ့ စားသောက်ဆိုင်တွေ၊ နိုင်ငံခြားသားဆို အထူးအဆန်းလို လိုက်ကြည့်တတ်တဲ့ ဒေသခံတွေရဲ့ မျက်လုံးတွေ၊ နေရာတိုင်းနီးပါးမှာ တွေ့ ရတဲ့ အာဏာရှင်တွေရဲ့ ပုံရိပ်တွေ၊ အမေအိုတစ်ယောက်ရဲ့ ပိုက်ဆံထည့်တဲ့ ချွေးခံအိတ်လို အဖာတစ်ရာနဲ့ ပြည့်နေတဲ့ လမ်းတွေ၊ တစ်နေရာကနေ တစ်နေရာကို သွားဖို့ စီးရတဲ့ Public Transportation တွေရဲ့ အိုမင်းရင့်ရော်ပြီး အသံထွက်နေတဲ့ ထိုင်ခုံတွေ အစရှိတဲ့ ပုံရိပ်တွေကို Documentary တိုင်းမှာ တွေ့ မြင်နေရတယ်။ ကျနော်တို့ ရဲ့ လက်ရှိကာလတွေကို ပြန်မြင်မိလိုက်တော့လည်း သမိုင်းဆိုင်ရာ ဘီးကြီးက လည်တော့ လည်နေတယ် လည်ချင်သလိုကြီး။ စက်ဝိုင်းပုံ အပေါက်ထဲကို လေးထောင့်ကျပ်ပြားစေ့ ရိုက်ထည့်နေသလိုမျိုး အစရှိတဲ့ အတွေးတွေ တွေးမိလာတာပါပဲ။ အောင်ခင်မြင့်ရဲ့ အရေးအသားတစ်ခုလိုပေါ့။ သမိုင်းဝင်ကာလတိုင်းဟာ အကူးအပြောင်းအချိန်ဖြစ်ပြီး အကူးအပြောင်း ကာလတိုင်းဟာ မပျော်ရွှင်မှု ကို ယူဆောင်လာတယ်တဲ့။ လီယိုပါဒီ ပြောခဲ့တာ လှန်တဲ့ ဖဲတိုင်း နိုင်ပါစေပေါ့။ ဆော့တဲ့ဂိမ်းတိုင်း နိုင်ပါစေပေါ့။ ကိုယ်တိုင် ဝင်ရိုက်တဲ့ ရှမ်းကိုးမီးတောင် ရှုံးအောင် ရိုက်ခဲ့တာဆိုတော့ ကိုယ့်နိုင်ငံအကြောင်း တော့ ထူးပြီး ပြောမနေချင်တော့ပါဘူး။ စောဝဏ္ဏ ဒီဇင်ဘာ ၁၉၊၂၀၂၀

Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ကိုဗစ်နှင့် ရန်ကုန်မြို့ ရှိ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအခြေအနေ

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်