ကိုယ့်လမ်းကိုယ်လျှောက်ရင်းကနေ ကျွံဝင်သွားမှုများအတွက် အချစ်ကဗျာတစ်ပုဒ်

မင်းသိပါတယ်။ ကိုယ်တို့သွားနေကြတာ ဒီလမ်းပဲ။ သို့ပေမယ့် မှောက်မှားချင်စိတ်အပြည့်ရှိတတ်တဲ့ကိုယ်တို့ဟာ လမ်းအကြိုအကြားတွေလည်း လျှောက်ကြည့်ချင်သေးတယ်။ ပင်လယ်ကိုလည်း ရှာဖွေချင်သေးတယ်။ တောတန်းထဲမှာလည်း လမ်းပျောက်ချင်ကြသေးတယ်။ ကိုယ်ဟာ မင်းဆိပ်ကမ်းကို ရပ်ခဲ့မိတာကိုက လှသွားတာပဲ။ မင်းသိပါတယ်။ မင်းဟာ စက်ရုပ်တွေကို ပြုလုပ်ဖန်တီးနိုင်စွမ်းရှိပေမယ့် ကိုယ့်ကိုတော့ မင်းလိုအပ်သလောက်သာ ဖန်တီးနိုင်ခဲ့တယ်မှတ်လား? ကိုယ်တို့ဟာ ကိုယ့်လမ်းကိုယ်လျှောက်ရင်းကနေ လူဆိုးတွေနဲ့ရောယှက်မိတာ၊ လူဆိုးတွေဟာ ကိုယ်တို့ကိုယ်တိုင်ဖြစ်နေမိတာ၊ ကိုယ့်အသားကို လှီး၊ သံပုရာသီးညှစ်ပြီး လတ်လတ်ဆတ်ဆတ်စားကြတာ။ ကိုယ်တို့ချစ်မိခဲ့ခြင်းက ရေခဲရိုက်ထားတဲ့ပင်လယ်စာကို မိုင်ရာချီအဝေးကနေ တကူးတကမှာစားကြသလိုပါပဲ။ ရောက်လာတာတော့ပင်လယ်စာပဲ။ လတ်ဆတ်မှုတွေ ရေခဲနဲ့အတူ အေးခဲကုန်လို့ လွှင့်ပစ်လိုက်ရတယ်။ *လမ်းတူရင်တော့ လူချင်းဆုံကြမှာပါ* စောဝဏ္ဏ *မောင်ချောနွယ်*

Comments

Popular posts from this blog

အချိန်တန်တော့လည်း ဌက်တွေဟာ မူရင်းနေရာပြန်ရတာ သဘာဝပဲ မဟုတ်လား ငယ်

ဟားခါး

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်