Posts

ကိုယ့်လမ်းကိုယ်လျှောက်ရင်းကနေ ကျွံဝင်သွားမှုများအတွက် အချစ်ကဗျာတစ်ပုဒ်

Image
မင်းသိပါတယ်။ ကိုယ်တို့သွားနေကြတာ ဒီလမ်းပဲ။ သို့ပေမယ့် မှောက်မှားချင်စိတ်အပြည့်ရှိတတ်တဲ့ကိုယ်တို့ဟာ လမ်းအကြိုအကြားတွေလည်း လျှောက်ကြည့်ချင်သေးတယ်။ ပင်လယ်ကိုလည်း ရှာဖွေချင်သေးတယ်။ တောတန်းထဲမှာလည်း လမ်းပျောက်ချင်ကြသေးတယ်။ ကိုယ်ဟာ မင်းဆိပ်ကမ်းကို ရပ်ခဲ့မိတာကိုက လှသွားတာပဲ။ မင်းသိပါတယ်။ မင်းဟာ စက်ရုပ်တွေကို ပြုလုပ်ဖန်တီးနိုင်စွမ်းရှိပေမယ့် ကိုယ့်ကိုတော့ မင်းလိုအပ်သလောက်သာ ဖန်တီးနိုင်ခဲ့တယ်မှတ်လား? ကိုယ်တို့ဟာ ကိုယ့်လမ်းကိုယ်လျှောက်ရင်းကနေ လူဆိုးတွေနဲ့ရောယှက်မိတာ၊ လူဆိုးတွေဟာ ကိုယ်တို့ကိုယ်တိုင်ဖြစ်နေမိတာ၊ ကိုယ့်အသားကို လှီး၊ သံပုရာသီးညှစ်ပြီး လတ်လတ်ဆတ်ဆတ်စားကြတာ။ ကိုယ်တို့ချစ်မိခဲ့ခြင်းက ရေခဲရိုက်ထားတဲ့ပင်လယ်စာကို မိုင်ရာချီအဝေးကနေ တကူးတကမှာစားကြသလိုပါပဲ။ ရောက်လာတာတော့ပင်လယ်စာပဲ။ လတ်ဆတ်မှုတွေ ရေခဲနဲ့အတူ အေးခဲကုန်လို့ လွှင့်ပစ်လိုက်ရတယ်။ *လမ်းတူရင်တော့ လူချင်းဆုံကြမှာပါ* စောဝဏ္ဏ *မောင်ချောနွယ်*

ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့ ချစ်သူငယ်ချင်း(အကိုကြီး)တိုး အတွက်စာတစ်ပုဒ်

Image
ချစ်ရတဲ့ကိုတိုးကြီးရေ ကျနော်တို့ကြားမှာ ပြန်ပြောစရာအမှတ်တရတွေများပြားပါတယ်။ ပြောစရာအမှတ်တရအများစုကိုတော့ အကိုထောင်ကလွတ်လာရင် ပြောဖို့ချန်ထားပြီး အကိုရေးတဲ့အက်ဆေးတွေအကြောင်းပဲ အရင်ပြောလိုက်ချင်ပါတယ်။ ဒီအောက်က စာက ကျနော်ရေးထားတာကြာပါပြီ။ မတ်လ(၂၀၂၀) ခုနှစ်တုန်းက ကျနော် မော်ရိုကိုနိုင်ငံမှာ Summit တစ်ခုသွားတက်ဖို့အတွက် မော်ရိုကိုသံရုံးရှိရာ ထိုင်းနိုင်ငံမှာ ဗီဇာသွားလုပ်ဖြစ်ပါတယ်။ မူလစီစဉ်ထားတဲ့အတိုင်းဆို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာ (၇)ရက်ခန့်နေထိုင်ဖို့ပါပဲ။ မမျှော်လင့်ပဲ ဗီဇာက လျှောက်ထားပြီး တစ်နာရီခွဲခန့်အကြာမှာပဲ လွယ်လွယ်ကူကူရလာခဲ့ပါတယ်။ ဗီဇာလျှောက်ပြီးတဲ့နေ့မှာပဲ ကျနော်သွားဖို့ရည်ရွယ်ထားတဲ့ Museum of Contemporary Art(MOCA Bangkok) ကိုသွားလည်ဖြစ်ပါတယ်။ နောက်တစ်ရက်ကျ ဘန်ကောက်မြို့လယ်ကောင်မှာ ရှိတဲ့ ချုလာလောင်ကောင်းတက္ကသိုလ်ရဲ့ Campus ကို သွားလေ့လာဖြစ်တယ်။ ဘန်ကောက်ကို လာရတဲ့ရည်ရွယ်ချက် သုံးခုကို နှစ်ရက်တည်းနဲ့ လုပ်လိုက်ပြီဆိုတော့ နောက်ရက်တွေ ဘာမှ ထွေထူးလုပ်စရာမရှိတော့ပဲ တည်းခိုတဲ့ အခန်းမှာပဲ (၂)ရက်ဆက်တိုက် ဘီယာသောက်၊ ရုပ်ရှင်ကြည့်နဲ့ပဲ အချိန်ကုန်ခံလိုက်ပါတယ်။ အစောပိုင်းက ဘန်ကောက်

Complexity

Image
တကယ်တော့ ကိုကိုဟာ ဆရာဝင်းမြင့်ရဲ့ ကဗျာ တစ်ပုဒ်ထဲကလို ပွန်းပဲ့နေတဲ့ဌက်တစ်ကောင်ပါ ညီမလေးရေ ကိုကို့ဘဝမယ် ဘယ်အရာတွေကြောင့် အသက်ရှင်ရတာလဲ(What’s the meaning of life?) ဆိုတဲ့ ဘဝရဲ့ အဓိပ္ပာယ် စစ်စစ်တွေကို လိုက်ရှာလေ့ရှိတဲ့ကောင်ပါ။ ဂျပန်လိုဆို IKIGAI ပေါ့။ တစ်ချို့အချိန်တွေမှာ ရှင်သန်ရခြင်းအတွက် အဓိပ္ပာယ်စစ်စစ်တွေ တွေ့ခဲ့ပါတယ်။ ဉပမာ ကိုကို့တူမလေး မွေးဖွားလာချိန်မျိုးတွေမှာပေါ့။ မိဘရဲ့ချစ်ခြင်းမေတ္တာငတ်မွတ်လွန်းသူလေးကို တကယ့်မေတ္တာတရားဆိုတာ ဘယ်လိုမျိုးပါလို့ ပြသချင်မိတဲ့ အတ္တဆန်ဆန်စိတ်ယင်းထမိချိန်မျိုးတွေ.... ပြန်တွေးမိတော့ ကိုကိုဟာ တကယ်ပဲ မေတ္တာတရားကို ပြသချင်သူလား။ အတ္တကြီးသူလားဆိုတာ ကိုယ်တိုင်လည်း မသိပါဘူး။ ကိုကိုသိတာ တူမလေးအတွက် လူကိုလူလို တန်ဖိုးထားတဲ့ တရားမျှတ၊လွတ်လပ်ငြိမ်းချမ်းတဲ့ အသိုက်အဝန်းတစ်ခုမှာ ရှင်သန်စေချင်ရုံပါပဲ။ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ်ဟာ ကိုကိုတို့ကို အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းခံလိုက်ရကတည်းက ကိုကိုဟာ ဒင်းတို့ကို သေနတ်၊သေနတ်ချင်း လက်နက်၊လက်နက်ချင်း ယှဉ်မှရတော့မယ်လို့ ယေဘူယျအားဖြင့် နားလည်ခဲ့ပါတယ်။ သို့သော် ကိုကိုဟာ လူစုလူဝေးကြောက်သူ တစ်ယ

Revolution 01

အခုရောက်နေတဲ့ နေရာနဲ့ပတ်သတ်ရင် The Terminal ထဲက Tom Hanks လို အမြဲခံစားရတယ်။ ငါရောက်နေတာ လေဆိပ်တစ်ခုတော့ မဟုတ်ဘူးပေါ့။ ငါတို့သွားချင်တဲ့နေရာကိုလည်း သွားဖို့ခက်ခဲ၊ နောက်ပြန်လှည့်လည်းမရတဲ့ အနေအထားပေါ့။ ဂွတော့ကျတယ်နော်။ Tom Hanks ကြီးကတော့ ရုပ်ရှင်ထဲမှာ သူ့နိုင်ငံကို ကာလတစ်ခုအကြာမှာ ပြန်ခွင့်ရလိုက်တယ်။ ငါကတော့ ဘယ်အချိန် အိမ်ပြန်ရောက်မလဲ သေချာမသိဘူး။ ရက်ကနေ လကို စားသုံး၊ ကုန်ဆုံးလာတာတော့ ကာလတစ်ခုကြာခဲ့ပြီ။ ငါဒီမှာတွေ့တဲ့ ဦးလေးတစ်ချို့ဆို (၈၈) ကတည်းက အိမ်ကထွက်လာတာ အခုထိကို အိမ်ပြန်မရောက်ဘူးတဲ့။ အိမ်ဆိုတဲ့ စကားလုံးနေရာမှာ သူတို့အသံတွေ တိမ်ဝင်သွားတာ၊ မျက်လုံးတွေဟာ တစ်နေရာရာကို လွမ်းဆွေးသတိရသွားတာကို သတိထားလိုက်မိတယ်။ နောက်တော့လည်း အခုနေရာဟာ ငါတို့အိမ်ပဲပေါ့ကွာဆိုပြီး သူတို့ရဲ့ လက်ရှိအခြေအနေကို လက်ခံကြတယ်ဆိုတဲ့ ပုံစံနဲ့ စကားဝိုင်းကို သိမ်းလိုက်ကြတယ်။ သူတို့ကိုကြည့်ပြီး ယုံကြည်ချက်တစ်ခုကြောင့် နှစ်များစွာကြာကြိုးစားရတာ တကယ်ရော တန်ရဲ့လားလို့ ငါတွေးမိတယ်။ ဒါပြီးသွားတော့ရော ဒီနိုင်ငံဟာ ပြီးမယ်သေချာလားလို့လည်း ငါဆက်တွေးမိတယ်။ တစ်ဆက်တည်းမှာပဲ ပြီးမယ်ဆိုတဲ့ ကာလကို အနီးကပ်စောင့်ကြည့်ချင်စိတ်လည်း ဖြစ

December Melancholia

ဟိုတစ်နေ့က အလုပ်မသွားခင် မနက်ပိုင်း ကားစောင့်နေရင်း စောစောစီးစီး ရောက်လာတဲ့ 7 Days သတင်းစာကို ဖတ်လိုက်ချိန်မှာ ကျုးဘားနိုင်ငံမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့် ပေးတော့မယ် ဆိုတဲ့ ဘာသာပြန်သတင်းဖတ်လိုက်ရတယ်။ ဆက်စပ်သတင်းအနေနဲ့ အယ်ဂျားဇီးယားမှာ ဘိုင်ဒန်အစိုးရက ကျုးဘားကို ခရီးသွားခွင့်၊ရင်းနှီးမြှပ်နှံမှုနဲ့ ဆန်ရှင် တွေကို ဖြေလျှော့ ပေးတာတွေ လုပ်ဖို့ မူဝါဒတစ်ခု ပြင်ဆင်နေတယ်လို့လည်း ဖတ်လိုက်ရတယ်။ အလုပ်ကို အစောကြီး ရောက်နေတော့ ကျုးဘားနဲ့ ပတ်သတ်တဲ့ Documentary တစ်ချို့ လိုက်ကြည့်မိတယ်။ ကျုးဘားမှာ ကျနော်တို့ နိုင်ငံရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကို ပြန်တွေ့လိုက်ရတယ်။ ပါပလေကာ၊ကားဒီးလက်၊လိပ်ခုံး၊ဂျစ် အစရှိတဲ့ ကားတွေ၊လမ်းဘေးမှာ ဒိုးဆက်ဆက်နေတဲ့ လူတွေ၊ လူရှင်းနေတဲ့ လမ်းတွေနဲ့ စားသောက်ဆိုင်တွေ၊ နိုင်ငံခြားသားဆို အထူးအဆန်းလို လိုက်ကြည့်တတ်တဲ့ ဒေသခံတွေရဲ့ မျက်လုံးတွေ၊ နေရာတိုင်းနီးပါးမှာ တွေ့ ရတဲ့ အာဏာရှင်တွေရဲ့ ပုံရိပ်တွေ၊ အမေအိုတစ်ယောက်ရဲ့ ပိုက်ဆံထည့်တဲ့ ချွေးခံအိတ်လို အဖာတစ်ရာနဲ့ ပြည့်နေတဲ့ လမ်းတွေ၊ တစ်နေရာကနေ တစ်နေရာကို သွားဖို့ စီးရတဲ့ Public Transportation တွေရဲ့ အိုမင်းရင့်ရော်ပြီး အသံထွက်နေတ

နွေဦးတော်လှန်ရေးရဲ့ ခွန်အားဖြည့်အစားအစာတွေ

Image
ဖေဖော်ဝါရီလဟာ မြန်မာနိုင်ငံရဲ့ နွေဦးအစပြုတဲ့ ကာလဖြစ်ပါတယ်။ နေမျိုးရဲ့ နွေဦးပေါက်ရင်ကဗျာ၊ကိုအောင်ရဲ့ နွေဦးပုံပြင် သီချင်း တွေနဲ့ နွေဦးကို နွေးနွေးထွေးထွေးကြိုဆိုကြတဲ့ အချိန်ကာလဖြစ်ပါတယ်။ ယခုနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးဟာ နွေဦးကို တော်လှန်ရေးနဲ့ ကြိုဆိုရပါတယ်။ ဖေဖော်ဝါရီ(၁) ရက်နေ့ကစပြီး ပြည်သူ့အာဏာကို လက်နက်ကိုင်အကြမ်းဖက် စစ်တပ်က သိမ်းယူသွားခဲ့လို့ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ မဖြစ်မနေထည့်သွင်းဖော်ပြသင့်တဲ့ အဖြစ်အပျက်၊အကြောင်းအရာ များစွာ ရှိပါတယ်။ နွေဦးတော်လှန်ရေးပါဝင်ဆင်နွှဲကြ သူတွေ အင်အားပြည့်စေဖို့ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ က ကွဲပြားစုံလင်တဲ့စေတနာ့ဝန်ထမ်း တွေရဲ့ ကိုယ်တိုင်ချက်အစားအစာတွေကလည်း နွေဦးတော်လှန်ရေးရဲ့အဓိကအခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ ကိုယ်တိုင်စားသောက်ခဲ့ရတဲ့ အစားအစာတွေနဲ့ မြင်တွေ့ခဲ့ရတဲ့ အစားအစာများကို ဖော်ပြပေးပါရစေ။ (၁) ဘဲဥနဲ့အာလူးဟင်း (၂) ဘဲဥ၊အာလူး၊ပဲဟင်း (၃) လက်ဖက်ထမင်းနဲ့ကြက်ဥမွှေကြော် (၄) ကြက်သားကြာဆံကြော် (၅) ကြက်ဥ၊ကြာဆံကြော် (၆) ကြက်ဥပြုတ် (၇) ခေါက်ဆွဲကြော် (၈) ချစ်တီးပဲဟင်း (၉) မာလာရှမ်းကော (၁၀) မြိတ်ကတ်ကြေးကိုက်ကြော် (၁၁) ကင်ချီထမင်းသုတ် (၁၂) ကြက်သားဟင်း (

Untitled

 မနေ့ညက အမေနဲ့ ညဘက် လမ်းထွက်လျှောက် ဖြစ်တယ်။ အိမ်အနီးအနား က လမ်းမီးတိုင်ဝါ၀ါ တွေရှိတဲ့ လမ်းတွေပါပဲ။ မမျှော်လင့်ပဲ ကျနော့်အသိ ပွဲရုံပိုင်ရှင်တစ်ယောက် ချွေးသံတစ်ရွှဲရွှဲနဲ့ ပြေးလာပြီး နှုတ်ဆက်တယ်။ ရုတ်တရက်ဆိုတော့ အမေ တော်တော်လန့်သွားပုံပါပဲ။ ကျနော့် အတွက်ကတော့ အဲ့လူ ပြေးနေကြဆိုတာ သိတော့ သိပ်မထူးဆန်းတော့ဘူး။ နေကောင်းလား အစရှိတဲ့ အစချီစကားတွေ နည်းနည်းပြောကြရင်းနဲ့ ဒီရက်ပိုင်းတွေ ညဘက် အလုပ်ပြီးမှ ထွက်ပြေးဖြစ်တယ်လို့ ပြောတယ်။ ကျနော်စိတ်ထဲ ရုတ်တရက် စင်ကာပူက ညတစ်ညကို ပြန်ရောက်သွားတယ်။ Conference တက်ဖို့ ရောက်လာတဲ့ နိုင်ငံပေါင်းစုံက ကျောင်းသားလူငယ်တွေကို လက်ခံစီစဉ်ပေးတဲ့ အဖွဲ့က Temasek Polytechnic မှာ ထားတယ်။ တစ်ရက် ည(၁၁) နာရီလောက် ကျနော်အပါအဝင် စင်ကာပူ၊ဖိလစ်ပိုင်နဲ့ အင်ဒိုက ကောင်တွေက ဆေးလိပ်သောက်ချင်လာလို့ ဆိုပြီး Temasek ရဲ့တစ်လမ်းကျော်က 7/11 ကို ဆေးလိပ်ထွက်ဝယ်ချိန်မှာ စင်ကာပူနိုင်ငံသား နှစ်ယောက်က လမ်းမီးတိုင်တွေအောက်မှာ ချွေးသံတစ်ရွှဲရွှဲနဲ့ ပြေးနေကြတာတွေ့တော့ ကျနော် အတော်အံ့သြသွားတယ်။ အတူပါလာတဲ့ စင်ကာပူက သူငယ်ချင်းကို ဘာလို့ သူတို့က ဒီအချိန်မှ ပြေးကြတာလဲ ဆိုပြီး မေးကြည့်တော့ မနက်အဆိုင်းပြီး